အန်တီမာလို့ တူမလေးတွေက ခေါ်တတ်တဲ့ သဘောအင်မတန်ကောင်း အလုပ်မှာစေတနာပါ စိတ်နှလုံးသား နူးညံ့ဖြူစင်တတ်တဲ့ မမ ဒေါက်တာမြစန္ဒီအောင်ရေ မမဟာ မြန်မာပြည်က အမျိုးသမီးထုရဲ့ အိပ်မောကျနေတဲ့ စိတ်တွေကို အသေခံပြပြီး သတိပေးလိုက် တပ်လှန့်လိုက်သလားလို့တောင် တွေးမိလေရဲ့၊ ယောက်ကျားဆိုတာ မယုံကြည်ရဘူး အချိန်မရွေး ဖေါက်ပြန်တတ်တယ်ဆိုတာကိုလေ။ ဒီနေ့ဟာ မမရဲ့ရက်လည်ဆွမ်းကျွေးတရားနာနေ့ပါ။ မမယောက်ကျား လူယုတ်မာဟာ သူ့မယားငယ်မ အရှက်ထုပ် လူပုံအလယ်ကွဲရတော့ နာလုံးတွေဆို့ပြီး မမမိဘတွေ ဆွေမျိုးတွေကို အော်ဟစ်ကြုံးဝါး ခြိမ်းခြောက်ခဲ့တယ်ဆိုဘဲ အဲ့ယောက်ကျားဟာ မယားငယ်မနဲ့ပေါင်း ပေ့ခ်ျတစ်ခုထောင်ပြီး သူဟာလူကောင်း မမဟာ စိတ္တဇဝေဒနာသည် ဆန်ဆန် ဖြစ်အောင်လဲ အသုဘရက်မလည်ခင် ကိုယ့်မိန်းမကိုယ့် ကြောင့်သေရတာကို နောင်တရဖို့ဝေး အသက်ပေးပြီး ချစ်ပြခဲ့တဲ့ မမရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင်တောင် ပြုလုပ်ခဲ့ပါသေးရဲ့မမရေ။ ညီမလေးတို့ ဆုတောင်းလိုက်ပါတယ် မမ နောင်ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလိုလူယုတ်မာ ကုတ်ကမြင်း ကြောင်သူတော်ကြွက်သူခိုးလို လူစားမျိုးနဲ့ရော ငယ်ငယ်ရွယ်ရွယ် မိန်းကလေးဖြစ်ပြီး ယောက်ကျားတကာနဲ့ ဟိုတယ်တက်အိပ်တာကို ထမင်းစားရေသောက်လို ခေတ်မှီတယ်ထင်တတ်တဲ့ ကိုယ်နဲ့ မအပ်စပ်တဲ့ အသိုင်းအဝိုင်းထဲက မိန်းမပျက်သာသာ မိန်းမမျိုးနဲ့ရော မတွေ့ကြုံ မဆုံစည်း မပေါင်းဖေါ်ရပါစေနဲ့ မမ။ ညီမတို့ ပြုပြုခဲ့သမျှသော ကုသိုလ်ကောင်းမှု့ကို အမျှပေးဝေပါတယ်မမ ရောက်ရာ ဘုံဘ၀က သာဓုခေါ်နိုင်ပါစေ။
Slotyro Casino Map & Directions - Mapyro
ReplyDeleteCasino Map & Directions. Las 진주 출장마사지 Vegas 통영 출장안마 Blvd. South, Las 양주 출장안마 Vegas, 서울특별 출장마사지 NV 양산 출장샵 89103. Map. Mapyro. Las Vegas.